မော်လမြိုင် ၆ ဧပြီ
မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ ၂၈၉၂ ဦးအတွက် ထောက်ပံ့ငွေကျပ် ၈၆၇၆၀ဝ၀ဝ၊ တောင်ဝိုင်းဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၆၈၄၃၀ဝ၀၊ သထုံဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၃၁၆၈၀ဝ၀၊ မုဒုံဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၆၃၃၆၀ဝ၀၊ သော်ကမြောင်ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၂၇၀၉၉၀ဝ၀၊ ပေါက်တော်ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၁၃၃၆၂၀ဝ၀၊ ဘုရားခြောက်ဆူ ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၅၇၁၈၀ဝ၀၊ ရေတောင်ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၂၀၅၂၀ဝ၀၊ အမျိုးသမီး စောင့်ရှောက်ရေးရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၂၀၆၁၀ဝ၀၊ မော်လမြိုင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၆)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၇၄၀ဝ၀ဝ၀၊ သထုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၁)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၂၆၀ဝ၀ဝ၀ နှင့် မိခင်ဝိုင်း(၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၂၅၅၀ဝ၀ဝ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့မှုများအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ကလေးငယ်များအား အာဟာမုန့်များနှင့် ကစားစရာအရုပ်များ ပေးဝေခဲ့ကြသည်။ မွန်ပြည်နယ်အတွင်း ထောက်ပံ့ငွေစုစုပေါင်းမှာ ငွေကျပ် ၁၈၅၉၄၉၀ဝ၀ ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးစောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များ လေ့ကျင့်သင်ကြားရေးကျောင်း၌ ကျင်းပသည့် (World Autism Day) ကမ္ဘာ့ အော်တစ်စင်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင် မော်လမြိုင်မြို့၌ အထူးစောင့်ရှောက်ရန် လိုအပ်သော ကလေးငယ်များ လေ့ကျင့်သင်ကြားရေးကျောင်း ရှိပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်းရှိ အောတစ်စင်ကလေးငယ်များအနေဖြင့် ပိုမိုအဆင်ပြေပါကြောင်း၊ ယင်းကလေးများသည် မသန်စွမ်းအမျိုးအစားထဲတွင် ပါဝင်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင်လည်း အော်တစ်စင်ကလေးငယ်များစွာရှိရာ ကမ္ဘာမှာဒီလိုနေ့မျိုးသတ်မှတ်ကာ ၎င်းတို့၏ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးခြင်းအတွက် ဆောင်ရွက်တာ ဖြစ်ပါကြောင်း၊
မသန်စွမ်းများကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်ကဏ္ဍအသီးသီးတွင် ပါဝင်လာနိုင်ရန် စွမ်းနိုင်အောင် ပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အစိုးရတစ်ခုထဲ ဆောင်ရွက်၍မရပါကြောင်း ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းရှိလူငယ်များ အိမ်တွင်းလျှပ်စစ် သင်ကြားနေမှု၊ ဆပ်ပြာဆီ ပြုလုပ်နည်းသင်ကြားနေမှုနှင့် မြန်မာ့သိုင်း အားကစားလေ့ကျင့်နေမှုတို့အား တွေ့ဆုံအားပေးစကား ပြောကြားပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


