ကန်ကြီးထောင့်   ၇   ဧပြီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့သော ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီက စေတီတော်ကြီး၏ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

6

 

ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်ကြီးများ၊ ရဟန်းသာမဏေများနှင့် သီလရှင် အပါး ၂၅၀ တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ပြည်သူများ၊လူမှုရေးအသင်းအဖွဲ့များက ဆွမ်းဆန်တော်များ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

နန်းထိုက် (KGD)

 

7