လွိုင်လင် ၇  ဧပြီ    

 

၁၃၈၀ ခုနှစ် ၊ မဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ပထမအကြိမ် တိုင်းရင်းသားသင်္ကြန် ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

 

1.1

 

တိုင်းရင်းသား သင်္ကြန်ဆိုတာကတော့ လွိုင်လင်ခရိုင်အတွင်းရှိ ရှမ်း ၊ ပအိုဝ်း ၊ ပလောင် ၊ တောင်ရိုး ၊ လီဆူ ၊ယင်းနက် ၊ ယင်းကြား ၊ ကိုးကန့် ၊ မုန်းဝန်း စသည့်တိုင်းရင်းသား ရေကစားမဏ္ဍပ်တွေမှာ တိုင်းရင်းသား အသုံးအဆောင်ပစ္စည်းများ ချိတ်ဆွဲထားပြီး ပျော်ရွင်စွာ ရေကစားကြကာ စတုဒိသာများဖြင့် နေ့စဉ်ဧည့်ခံ ကျွေးမွေးသွားမှာဖြစ်ကြောင်း ၊ လမ်းလျှောက်သင်္ကြန်ကို ယခုနှစ်မှ ပထမဆုံးအကြိမ်ကျင်းပသွားမှာဖြစ်ကြောင်း ၊ လမ်းလျှောက်သင်္ကြန်ကိုတော့ လွိုင်လင်မြို့ မင်းလမ်းပေါ်မှာကျင်းပမှာဖြစ်ကြောင်း ၊ အလားတူ တိုင်းရင်းသားအသုံးအဆောင်ပစ္စည်းများကိုလည်း မြို့တွင်းမင်းလမ်း လမ်းမကြီးတစ်လျှောက်ချိတ်ဆွဲထားမှာဖြစ်ပါကြောင်း ရေကစားမဏ္ဍပ် ၊ စတုဒိသာမဏ္ဍပ်စာရင်း အတိအကျမသိရသေးပေမယ့် နှစ်ဆယ်လောက်တော့ရှိမည်ဖြစ်ကြောင်း ၊ ဗဟိုမဏ္ဍပ်ကိုတော့ မြို့မဈေးကြီးရှေ့ နာရီစင်အနီးမှာ တည်ဆောက်နေကြောင်း ၊ ယိမ်းအကပြိုင်ပွဲ ၊ ခေတ်ဟောင်း ၊ ကာလပေါ်တေးဂီတပြိုင်ပွဲများ ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ဒီနှစ်မှ ထူးထူးခြားခြား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း  ပွဲတော်ကျင်းပရေးကော်မတီတာဝန်ရှိသူများထံမှ သိရသည်။

 

လွိုင်လင်မိုး