စစ်တွေ ၇ ဧပြီ

 

(၅၅)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားကို စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီမှ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်  မြန်မာနှစ်ဆန်း ၁ ရက်  ဧပြီလ ၁၇ ရက် နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်း၌ ကျင်းပပြုလုပ်သွားမည်။

 

ရခိုင်ရိုးရာ အစဉ်အလာအရ သက်ကြီးများအား လှူဒါန်းပူဇော်ခြင်းသည် ကောင်းမြတ်သော အစဉ်အလာတစ်ရပ်ကို ထိန်းသိမ်းခြင်းဖြစ်ရာ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ  စစ်တွေမြို့ပေါ်ရပ်ကွက်များနှင့် ဘိုးဘွားရိပ်သာတို့တွင်ရှိသော အသက် ၈၀ နှင့်အထက် အဘိုး အဘွား ၁၀၈ ဦးကို စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ပူဇော်သွားမည်ဖြစ်ပြီး ရပ်ကွက်အလိုက် အဘိုး၊ အဘွား ၉၉၂ ဦးတို့ကို ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် သက်ကြီးပူဇော်ပွဲ ကျင်းပရေးယဉ်ကျေးမှုကော်မတီမှ အဘိုး၊ အဘွားများအား "ရက္ခိတအားမာန် ပြိုင်လောင်းဟန်" ယိမ်းအကနှင့် "ရခိုင်စည်တီးပြည်တော်အီး" ယိမ်းအကများဖြင့် လူငယ်များမှ ဂါရဝပြု ကပြဖျော်ဖြေ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)