မင်္ဂလာဒုံ ၈  ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခေတ်မီးအိမ် လူငယ်ဖွံ့ဖြိုးရေး စာကြည့်တိုက်တို့ ပူးပေါင်းကျင်းပသော ထွေးဦး မြန်မာရုပ်သေးအဖွဲ့၏ မြန်မာ့ရုပ်သေး အနုပညာအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရုပ်သေးဖျော်ဖြေပွဲကို ဧပြီ ၇ ရက် ညနေ ၆ နာရီ မှ ၈ နာရီထိ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် ၊  သန္တာလမ်းမကြီး ခေတ်မီးအိမ် စာကြည့်တိုက်ရှေ့တွင် ကျင်းပခဲ့သည်။

      

ရှေးဦးစွာ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြိုနယ် ဦးစီးမှူး ဒေါ်ဇင်ငြိမ်းအိက အဖွင့်အမှာစကား ပြောကြားပြီး ဆရာကျော်ခင်ဝင်းက  မြန်မာ့ရုပ်သေး အနုပညာအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ဆရာဆူးရင့်က ကျေးဇူးတင် စကားများ ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပြည်သူများအား ထွေးဦး(မြန်မာ) ရုပ်သေးအဖွဲ့က မြန်မာ့ရုပ်သေး အနုပညာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။

 

 

စိုင်းကိုကို