ဆိပ်ဖြူ  ၈  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် နှင့် ပခုက္ကူမြို့နယ်တို့ကို ပြေးဆွဲပေးလျှက်ရှိသည့် RBE  လူစီး ရထားကို သင်္ကြန်ရက်များတွင် ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာ့မီးရထား တိုင်းအမှတ်(၁၀)မှ ဒေသခံပြည်သူအများ ခရီးသွာလာမှု အဆင်ပြေချောမွေ့စေရန် ပခုက္ကူ - ဆိပ်ဖြူခရီးစဉ်များကို အစုန် ၊အဆန် နေ့စဉ် အချိန်မှန် ပြေးဆွဲဆောင်ရွက်ပေးလျှက်ရှိပြီး ပခုက္ကူမြို့မှ ဆိပ်ဖြူမြို့သို့ နံနက် ၅ နာရီခွဲတွင် လည်းကောင်း ဆိပ်ဖြူမြို့မှ ပခုက္ကူမြို့သို့ မွန်းလွဲ ၂ နာရီတွင် ပုံမှန် ပြေးဆွဲလျှက်ရှိပြီး ၂၀၁၉ ခုနှစ် သင်္ကြန်ကာလ  သင်္ကြန် အကျနေ့ ၊ အကြတ်နေ့ ၊ အတက်နေ့များ ဖြစ်သည့် ဧပြီ လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ (၃) ရက်ပြေးဆွဲမှု ရပ်နား မည်ဖြစ်ကြောင်း ၊

 

ထို့သို့ ရထားခရီးစဉ် ရပ်နားမည့် အသိပေးကြော်ငြာများကို သက်ဆိုင်ရာ ဘူတာအသီးသီးမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် အသိပေးကြော်ငြာများထားရှိပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဧပြီလ (၁၇) ရက်နေ့တွင် ရထားခရီစဉ်များ အချိန်မှန် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း  ဆိပ်ဖြူဘူတာရုံပိုင်ကြီး ဦးအောင်စိုးက ပြောသည်။

 

စိုးလင်းနိုင်(IPRD)

 

1