မိတ္ထီလာ ၈  ဧပြီ 

           

မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  အပူပိုင်းဒေသရှိ ကျေးရွာများ မြေအောက်ရေ သုံးစွဲမှုလျှော့ချနိုင်ရေး ကျေးရွာများ လိုအပ်ချက်ဖြစ်သော မိုးရေစုဆောင်းသော ရေကန်ငယ်များ တူးဖော် တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

           

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  အပူပိုင်းဒေသရှိ ကျေးရွာများ မြေအောက်ရေသုံးစွဲမှု လျော့ချနိုင်ရေး ကျေးရွာများ လိုအပ်ချက်ဖြစ်သော မိုးရေစုဆောင်းသော ရေကန်ငယ်များ တူးဖော်တည်ဆောက်ပေးခြင်းဖြင့် အပူပိုင်းဒေသတွင် ဆောင်ရွက်နေသော စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ပြည်သူများမှ အသိစိတ်ဓါတ်ရှိရှိဖြင့် ပူးပေါင်းပါဝင်စေရန် ရည်ရွယ်၍  ရေကန်ငယ်များ တည်ဆောက် ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျေးရွာလိုအပ်ချက်ဖြင့်သည့် ဆည်အောင်ကျေးရွာ၌ အလျားပေ ၁၀ဝ အနံ ပေ ၅၀ အနက် ၆ ပေရှိ  ရေကန်ကို မတ်လ ၂၁ ရက်နေ့မှ စတင်၍ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ တာဝန်ယူ၍ တည်ဆောက်ပေးခဲ့ကြောင်း၊ အဆိုပါ ရေကန်ငယ်တူးဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ဆည်အောင် ကျေးရွာကို ရေကန်ငယ်တူးဖော်ဆောင်ရွက်ပြီးစီး၍ ဧပြီလ ၆ ရက်နေ့က ၎င်းကျေးရွာမှ ကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါလွှဲပြောင်းပေးအပ်ပွဲသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်၊ အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်အောင်နှင့် ဝန်ထမ်းများ၊ ဆည်အောင်ကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း  မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။

           

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

1