နေပြည်တော် ဧပြီ ၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု(၅)မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှု(၂)မှုနှင့် တရားမအထူးအယူခံမှု(၃)မှုကို ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


