ဒီးမော့ဆို ၈  မတ်        

 

ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာပြီး အရည်အသွေးကောင်းမွန်သော ဆန်စပါးစိုက်ပျိုးနည်းစနစ်နှင့် ခေတ်မီစက်မှုလယ်ယာစနစ်ကူးပြောင်းနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဖော်ထုတ်သော စိုက်ပျိုးရေးသိပ္ပံကွင်းတွင် KUBOTA (၆)တန်းသွား ကောက်စိုက်စက်ဖြင့် တောင်သူများအား နည်းပညာပေး စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

 

1

 

ရှေးဦးစွာ ကယားပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဒုတိယညွှန်ကြားရေးမှုး ဦးရဲမြင့်က လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများဖြင့် ဆောင်ရွက်တတ်လာစေရန်၊ KUBOTA (၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် အားသာချက်ရှိခြင်း၊ လူဖြင့်ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက် ဖြင့် စိုက်ပျိုးခြင်းတို့တွင် (၁) ဧက စိုက်ပျိုးစရိတ်သက်သာခြင်း၊ လူလုပ်အားသက်သာခြင်းနှင့် အချိန်ကုန် သက်သာခြင်း စသည်များကို ရှင်းလင်းပြောကြားပြီး KUBOTA (၆) တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းစနစ်ကို တောင်သူများလေ့လာသိရှိနိုင်ရန် လက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြောင်း သိရသည်။

 

တော့ရယ်

 

1