နေပြည်တော် ၈  ဧပြီ

           

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်  ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ခရီးသွားအရင်း အမြစ်များနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ကိုးကွယ်ယုံကြည်မှုများ ကို ဖော်ထုတ်၍ ကျေးရွာအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ကြိုးစားဆောင်ရွက် ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ International Trade Centre (ITC) ၊ ဒေသရှိခရီးသွား ကုမ္ပဏီများ၊ဧည့်လမ်းညွှန်များ၊ ဟိုတယ်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် လူထုအခြေပြုခရီးသွား လုပ်ငန်းများသည် သိသိသာသာ တိုးတက်မှုများ ရရှိလာကြောင်း သိရပါသည်။

           

အဆိုပါလုပ်ငန်းမှ ရရှိသည့်ဝင်ငွေ၏ (၁၀)ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ပေးအပ်ခဲ့ကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN

 

 

1