လိုင်လင်းပီ ၈ ဧပြီ
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့၌ (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံပေးကြောင်း သိရသည်။
(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးအဖြစ် BCG၊ Penta၊ IPV၊ PCV၊ MR၊ JE စသည့် ထိုးဆေးများထိုးပေးခြင်းနှင့် OPV ဆေးရည်များတိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင် မိခင်များအား TD ဆေးများထိုးနှံပေးကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း(၁၂၀)ကျော်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


