နွားထိုးကြီး ၈ ဧပြီ
နွားထိုးကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးဦးစီးဌာန၊ လေဘေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းကြိုတင် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှ လေဘေးကြိုတင် ပြင်ဆင်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပဏာမရှင်းလင်း ဆွေးနွေးခဲ့သည်။တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအေးမင်းသူက လေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းဆိုင်ရာများ ကြိုတင်ပြင်ဆင်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ NGO များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်(ပြန်/ဆက်)


