မြောက်ဦး  ၈   ဧပြီ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ပိုးလောက်လန်းသေ(Abaet)ဆေးများ ခပ်ပေးခြင်းကို ဧပြီ ၆ ရက်မှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများက မြောက်ဦးမြို့ပေါ် ရပ်ကွက်များ အတွင်းရှိ နေအိမ်များ သို့သွားရောက်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပိုးလောက်လန်းသေ(Abaet)ဆေးများ ထည့်ပေးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းကာ မြောက်ဦးမြို့ပေါ်(၇)ရပ်ကွက်သို့ သွားရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

 

ထို့နောက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် အဆိုပါ ပိုးလောက်လန်းသေ (Abaet)ဆေးများ ခတ်ပေးခြင်းကို ဧပြီ ၆ ရက်မှ ၁၀ ရက်အထိ (၆-၄-၂၀၁၉)ရက်နေ့မှ(၁၀-၄-၂၀၁၉) ရက်နေ့အထိ သင်္ကြန်မတိုင်မီ ၅ ရက်ဆက်တိုက်နှင့် သင်္ကြန်ပြီး ၅ ရက်ဆက်တိုက် (၁၀)ရက်အတွင်း  မြို့ပေါ်ရပ်ကွက် အားလုံးသို့ (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများနှင့် မြို့ပေါ် (၇)ရပ်ကွက် အတွင်း၌ ထားရှိသည့် ရေလှောင်ကန်များထဲသို့ (Abaet)ဆေးများ ထည့်ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN