ရန်ကုန် ၈ ဧပြီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သည့် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၇၁)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်းအမှတ်စဉ်(၃၄)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၄) သင်တန်းများ ဆင်းပွဲအခမ်းအနားကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၄၀) ဖြင့် ဖွင့်လှစ်လေ့ကျင့် သင်ကြားသည်။
အဆိုပါသင်တန်းဆင်းပွဲများကို ဧပြီ ၅ ရက်နံနက်ပိုင်းက ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ သင်တန်းကာလမှာ ရက်သတ္တ(၁၂)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


