နေပြည်တော်  ၈  ဧပြီ 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၁၉ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၂ ဌာနတို့၌ (သတ္တမနေ့)အဖြစ် ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ(ပထမကြီးတန်း) စာရင်းသွင်းသံဃာနှင့် သီလရှင်စုစုပေါင်း ၁၂၁၁၅ ပါး အနက် ၉၉၈၁ ပါး ဖြေဆိုကြ၍ ၈၂ ဒသမ ၃၉ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)