ရန်ကုန်  ၈   ဧပြီ

 

မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြိီး H.E.Mr.Dato' Saifuddin Abdullah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ(၄)နာရီ (၁၀) မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

 

ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့အား နိ်ုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး၊ မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr.Zahairi Baharim နှင့်တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ပို့ဆောင် နှုတ်ဆက်ကြသည်။

 

(သတင်းစဉ်)