နေပြည်တော် ၈ ဧပြီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Md Shafeenul Islam ,ndc, psc နှင့်အဖွဲ့နှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု တားဆီးကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေး၊ BLO ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်က နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ARSA အဖွဲ့နှင့် AA အဖွဲ့၏ လှုပ်ရှားဆောင်ရွက် နေမှုအခြေအနေသတင်းများ ရှင်းလင်းချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


