နေပြည်တော် ၉ ဧပြီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Chagshui လေဆိပ် သို့ရောက်ရှိကြရာ ယူနန်ပြည်နယ် စစ်ဒေသ၊ နိုင်ငံရေးမှူး Maj. Gen. Yu Kun ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူး Mr. Zhanguo Hua နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ၊ ကူမင်းကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Chen Hao က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ကူမင်းမြို့ရှိ Chagshui လေဆိပ်မှ ဆက်လက်ထွက်ခွာကြပြီး ညနေပိုင်းတွင် ပေကျင်းမြို့ Nanyuan တပ်မတော်လေဆိပ်သို့ ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦသစ်လင်းအုန်း၊ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုနေထိုင်မည့် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာသို့ ရောက်ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် ညနေပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစု များနှင့် ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားအရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံး၊ စစ်သံ ရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


