မင်းလှ  ၉  ဧပြီ

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာစက်သုံး အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကို ဧပြီ ၈ ရက် နံနက် ၁၀ နာရီတွင် ကြို့ကုန်း (၁) ကျေးရွာ လူထုအခြေပြု လေ့လာမှုစခန်းတွင်ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးနှင့် မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိမိအောင်ကတို့က အမှာစကား ပြောကြား ခဲ့ကြပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသော ဂွေးတောက်ကုန်းကျေးရွာမှ မယွန်းနန္ဒာလွင်နှင့် သင်တန်း သားများ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်း လက်မှတ်များ ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းကို ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ သင်တန်းကာလာ နှစ်လကြာမြင့်ခဲ့ပြီး ကျေးရွာအုပ်စု(၄)ရွာမှ သင်တန်းသူ ၄၂ ဦးအား နည်းပြဆရာ ဦးတင်အောင်သန်းနှင့် ဒေါ်စန်းစန်းအေးတို့က ရှပ်အင်္ကျီ၊ လက်တို လက်ရှည်၊ ကုတ်အင်္ကျီ လက်တို လက်ရှည်နှင့် မော်တာစက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

ပေါက်စ မင်းလှ

 

1