မင်းတုန်း ၉  ဧပြီ

 

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာရှိ ကော်ဖီစိုက်တောင်သူများအား ဧပြီ ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ခေရုဗိမ်ကုမ္ပဏီမှ အကြံပေးပညာရှင် ကနေဒါ နိုင်ငံသား (၂)ဦးဖြစ်သော Mr David John နှင့် Ms Louise Matha တို့က ကော်ဖီစိုက်ပျိုးမည့် မြေများအား မြေဆီနှင့်မြေအမျိုးအစားများ စမ်းသပ်ပေးခဲ့ကြောင်း သိရသည်။

 

1

 

ညနေပိုင်းတွင် တောင်သူများကို ကော်ဖီပင်၊ ကြယ်ပဲပင်နှင့် စွန်ပလွန်ပင် စိုက်ပျိုးနည်းစနစ်များအား လက်တွေ့သင်ကြားပေးခဲ့ပြီး စိုက်ပျိုးနည်းစနစ်များ ပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

ချင်းကလေး (မင်းတုန်း)

 

1