ဒဂုံ ၉  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရ လမ်းတစ်လျှောက်တွင် ခရီးသွားပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေးအတွက် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မျိုး ဦးဆောင်သော အဖွဲ့နှင့် မြို့တော်စည်ပင် ပန်းဥယျာဉ်ဌာန ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လမ်းတစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ လျှပ်စစ်မီး သုံးစွဲရာတွင် လျှပ်စစ်အန္တရာယ် ကင်းဝေစေရေး၊ သုံးစွဲသည့်ဗို့အား ပြည့်ဝတည်ငြိမ်စွာ အသုံးပြုနိုင်ရေးအတွက် ဓါတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား စုပေါင်းခုတ်ထွင် ရှင်းလင်းရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

 

MDN