မလှိုင် ၉ ဧပြီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ဆူညံအိတ် ဇောများဖြင့် ဆိုင်ကယ်မောင်းနှင်မှု မရှိစေရန် ပိတ်ဆို့ရှာဖွေပြီး စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ် ရပ်ကွက်ကြီး(၁) နယ်မြေရှိ မြို့မဘောလုံး အားကစားကွင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးအရေးယူခြင်းကို မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ဆန်းမြိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မဟာသင်္ကြန်ကာလ ဆူညံအိတ်ဇောများဖြင့် မောင်းနှင်မှု မရှိစေရေး ပိတ်ဆို့ရှာဖွေစစ်ဆေးရာတွင် ယာဉ် စည်းကမ်းနှင့် မကိုက်ညီသူ ၁၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ စည်းကမ်း မလိုက်နာသူများအား မလှိုင်မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဘိုဘို(မလှိုင်)


