mdn

ဘားအံ ၉  ဧပြီ

 

 ကရင်ပြည်နယ် ဘားအံမြို့နယ်ဘားအံ-သထုံကားလမ်းတွင် ယနေ့ နံနက်ပိုင်းက  ရဲတပ်ဖွဲ့ဝင်များဖြင့် သင်္ကြန်ကာလအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် သတိပြု ရှောင်ကြဉ်ရမည့် အချက်များ ပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 ထို့သို့ဆောင်ရွက်ရာတွင် မြိုင်ကလေးရဲကင်းစခန်းမှ ဒုရဲအုပ်လှဝေ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ခွဲမှူး ဦးဝင်းခိုင်ဦးဆောင်သောအဖွဲ့မီးသတ်တပ်ဖွဲ့ဝင်များ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဘားအံ-သထုံ ကားလမ်းမတစ်လျှောက်ရှိ မြိုင်ကလေး လမ်းဆုံနှင့် တန် ၉၀ဝ စက်ရုံဈေးလမ်းဆုံတို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် ယာဉ်စည်းကမ်း/လမ်း စည်းကမ်းစစ်ဆေးအရေးယူခြင်း ရှာဖွေစစ်ဆေးခြင်းတို့ဆောင်ရွက်ကာ သင်္ကြန်ကာလအတွက် ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့် သတိပြုရှောင်ကြဉ်ရမည့်အချက်များ ပါဝင်သော လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)

 

mdn