မော်လမြိုင် ၉ ဧပြီ
မြန်မာနေထိုင်မှုအခြေအနေစစ်တမ်းမှ အဓိကညွှန်ကိန်းများအစီရင်ခံစာ (Key Indicators Report) ရှင်းလင်းခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးဝဏ္ဏကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း အစီရင်ခံစာမှ ရရှိလာသောရလဒ်၊ မူဝါဒဆိုင်ရာအကြုံပြုချက်နှင့် စစ်တမ်းအစီရင်ခံစာ အကျိုးရလဒ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


