နေပြည်တော် ၉ ဧပြီ

 

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပဓိ သီတဂူဆရာတော် ဒေါက်တာ ရှင်ဉာဏိဿရသည် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံသို့ သွားရောက်၍ မျက်စိဝေဒနာရှင်များကို အားပေးကြည့်ရှုတော်မူကြောင်း သိရသည်။

 

သီတဂူဆရာတော်သည် သီတဂူစက္ခုဒါနဆေးရုံ ဖွင့်ပွဲအကြိုအဖြစ် ၅ ရက်ကြိုတင်၍ မျက်စိဝေဒနာရှင်များကို ကြည့်ရှုခဲ့ရာ စမ်းသပ်မျက်စိဝေဒနာရှင် ၁၉၃၁ ဉီးနှင့် ခွဲစိတ်မျက်စိဝေဒနာရှင် ၂၅၇ ဉီး တို့ကို စက္ခုဒါန အလင်းကုသိုလ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါစက္ခုဒါနဆေးရုံသည် ဧပြီ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မောင်လူမော်၊ ဓာတ်ပုံ−သီတဂူကျော်ဆန်း၀င်း

 

e