ရန်ကုန် ၁၀ ဧပြီ

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပရဟိတလူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်း မည့်အချိန် မဟာသင်္ကြန်ရက်အတွင်း ရွှေပြည်သာ မြို့သူမြို့သားတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွှင်ချမ်းမြေ့စေဖို့ အမှတ် ၄ လမ်းမကြီး ကွန်ပျူတာတက္ကသိုလ်အနီးရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို မတည်ဦးဆောင် ကော်မတီ ဝင် စာရေးဆရာကိုထွန်း (ကျယ်ခေါင်) နှင့် အလှူရှင်များ စုပေါင်းမှုဖြင့် ကျင်းပနိုင်ရန် စီစဉ်စားကြောင်း သိရသည်

ရွှေပြည်သာမြို့နယ်တွင် ပုလဲလမ်းမကြီးရှိ ပျော်ဘွယ်မှတ်တိုင်နှင့် အိပ်စ်ဝမ်းမှတ်တိုင်ကြားရှိ LCD ရေခဲသေတ္တာ၊ အဝတ်လျှော်စက်ဆိုင်ရှေ့၌ ‘ပြည်သူချစ်သူများ’ မဏ္ဍပ်၊ အမှတ် (၄)လမ်းမ ကြီးအရက်ချက်စက်ရုံရှေ့ ၌ ‘ဗဟို’ မဏ္ဍပ်၊ အမှတ် (၉) ရပ်ကွက် ( ၃ )လမ်းဆုံ၌ ‘အမေစုချစ်သူများ’ မဏ္ဍပ် စုစုပေါင်း မဏ္ဍပ်သုံးခုဖြင့် နိုင်ငံကျော် အဆိုတော်များ ဖိတ်ခေါ်ကာ သင်္ကြန်ယိမ်းအက အလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းသိန်း (မရမ်းကုန်း)