ပေါက် ၁၀ ဧပြီ  

 


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ချိုင်ဇောက်ကျေးရွာအုပ်စု သစ်ကြီးတော တောတိုက်မှ ကျေးလက်နေပြည်သူ (၃၀ဝ)ကျော်၊ အိမ်ထောင်စု(၁၀ဝ)ကျော်နှင့် အိမ်မွေးတိရစ္ဆာန်များ နှစ်စဉ် သောက်သုံးရေရှားပါးမှု အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ဧပြီ ၉ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာသို့ သွားရောက်လှူဒါန်းကြရာ မြို့နယ်လမ်းဦးစီးဌာနမှ SINO TRUk ယာဉ်တစ်စီးဖြင့်   ရေ (၅)ဂါလံဆံ့ ပလတ်စတစ်ပုံး (၁၈၅)ပုံး လှူဒါန်းခဲ့ကြသည်။

 

d

 

တောတိုက်နေ ကျေးလက်နေပြည်သူများသည် ကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး မြေသားရေလှောင်ကန်ကို အမှီပြုခပ်ယူသုံးစွဲခဲ့ရာ ယခုအခါ အဆိုပါရေကန် ရေပြတ်လပ်မှု နှစ်လကျော်ရှိပြီဖြစ်ကြောင်း၊ သောက်သုံးရေအတွက် နှစ်မိုင်ခန့်ဝေးကွာသည့် ချိုင်ဇောက်ကျေးရွာနှင့် ထန်းပေါက်ကုန်းကျေးရွာတို့၌ သွားရောက်ခပ်ယူသုံးစွဲနေရကြောင်း ကျေးရွာနေ ဦးအောင်ဝင်းက ပြောသည်။

 


ဉာဏ်တိုး(ပေါက်)

 

d