တီးတိန် ၁၀ ဧပြီ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီ ၁ဝ ရက် နံနက် ၉ နာရီတွင် ချင်းပြည်နယ် တီးတိန်မြို့ မူလတန်းကြိုကျောင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်က အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသူများမှ အဖွဲ့လိုက် သီချင်းဆိုကပြ ဖျော်ဖြေကြပြီး သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကာ သင်တန်းသူ ဒေါ်နှင်းဆီက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ သင်တန်းသူ ၇၂ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ် ၁၈ ရက်မှ ဧပြီ ၁ဝ ရက်ထိဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


