ဘိုကလေး  ၁၀  ဧပြီ

 

ဘိုကလေးမြို့နယ် မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာရှိ ကံ့ကော်တစ်ထောင် သာသနာ့နယ်မြေ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၇ နာရီက ကျနး်မာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် နားလည်မှုစာချွန်လွှာ (MOU)ရေးထိုးထားသည့်  ဂျပန်နိုင်ငံအခြေစိုက် (Japan Heart, International Medical Volunteers အဖွဲ့မှ မြန်မာနိုင်ငံတာဝန်ခံ ဦးသိန်းဇော်ဦးစီးသည့် ဂျပန်နိုင်ငံသား  Dr.OE Masahi နှင့် ဂျပန်နိုင်ငံ သူနာပြု ၂ ဦး၊ ရန်ကုန်မြို့မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဝင်းထူးကျော် ၊ဒေါက်တာယဉ်မေဇင်ဟန်တို့နှင့် သူနာပြု(၂)ဦး စုစုပေါင်း (၈) ဦးတို့က အခမဲ့ ဆေးကုသ ပေးသွားမည်ဖြစ်သည်။

 

14

 

အဆိုပါအခမဲ့ဆေးကုသခြင်းကို ဧပြီ ၁၀ ရက်မှ ၁၁ ရက်နေ့ အထိ (၂) ရက်တိုင် နံနက် (၈) နာရီ်မှ ညနေ (၅) နာရီအထိ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင် သတင်းရရှိသည်။ 

ဘိုကလေး (ပြန်/ဆက်)