နေပြည်တော်   ၁၀   ဧပြီ    

အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် ကျွမ်းကျင် ပညာရှင်များမှ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက်  ၉ နာရီတွင် နေပြည်တော်ရှိ Shwe San Eain Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့်အတူ မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ UNODC မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီးအုပ်စိုးထွန်းက အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် (မူကြမ်း) ပြုစုထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် ကျွမ်းကျင်ပညာရှင်များမှ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာစီမံချက် (မူကြမ်း)အပေါ် ကဏ္ဍအလိုက် သုံးသပ် ဆွေးနွေး ခြင်း၊ အုပ်စုဖွဲ့ကာ ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မူးယစ်ဗဟိုအဖွဲ့ တွဲဖက်အတွင်း ရေး မှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။

( သတင်းစဉ်)

2
 

3

4