နေပြည်တော် ၁၀ ဧပြီ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာ-သီရိလင်္ကာ ပူးတွဲ ကော်မရှင် အစည်းအဝေးသို့ တက်ရောက်ရန် သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Tilak Marapana ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၆ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ နှင့်စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)


