အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။

 

- အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း

 

- စိတ်ရှုပ်ထွေးခြင်း

 

- သတိလစ်ခြင်း

 

- တက်ခြင်း

 

- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ဖြစ်ပါသည်။

 

အထက်ပါ အပူဒဏ်လက္ခဏာများ ခံစားနေရသော လူနာအား တွေ့ရှိပါက -

- လူနာအား အရိပ်ရ၊ အေးမြသောနေရာ(သို့) လေပန်ကာရှိသောနေရာ (သို့) လေအေးပေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။

 

- လူနာအား နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အရိပ်ရသည့်နေရာသို့ ပို့ဆောင်ပါ (သို့မဟုတ်) အရိပ်ရအောင် ဆောင်ရွက်ပေးပါ။

 

- အောက်ဖော်ပြပါနည်းလမ်းများအတိုင်း ရှေးဦးစွာပြုစုပေးပါ။

 

၁။ လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။

 

၂။ လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။

 

၃။ လူနာကောင်းစွာ သတိရနေပါက ရေအေးအေး (သို့) ဓာတ်ဆားရည် (ORS) တိုက်ပေးပါ။

 

၄။ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေး ဖျန်းပေးပါ။

 

၅။ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေးအေး (သို့) ရေခဲစိမ်ထားသော အဝတ်များဖြင့် ရေပတ်အုပ်ပေးပါ။

 

၆။ လေပန်ကာရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ (သို့) ယပ်ခပ်ပေးပါ။

 

အရေးပေါ်ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပြီးလျှင် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ အမြန်ဆုံး ပို့ဆောင်၍ ကုသမှုခံယူရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 

111