ရတနာသုံးပါးနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်စေရန်(မဟာဂန္ဓာရုံ) အရှင်ဝိဇယာလင်္ကာရ စီစဉ်ရေးသားသည့် ရတနာသုံးပါးကိုမြတ်နိုးသူ စာအုပ်ထွက်ရှိလာသည်။
အဆိုပါစာအုပ်တွင် စစ်မှန်သော သဒ္ဒါတရားဖြင့် ရတနာသုံးပါးကို မြတ်နိုးသူများဖြစ်ကြစေရန်၊ ဖြူစင်သော သီလ၊ မှန်ကန်သောအသက်မွေးမှု၊ စင်ကြယ်သောကံသုံးပါးနှင့် ပြည့်စုံကြစေရန်၊ ဗုဒအလိုတော်ကျ အရည်အချင်းနှင့်ပြည်ဝသည့် အထက်တန်းစားဥပါသကာ၊ ဥပါသိကာမများ ဖြစ်ကြစေရန်၊ ဘေးအတန်တန် ရန်အသွယ်သွယ်မှ ငြိမ်းအေး၍ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းမှ ကင်းဝေးကြစေရန်၊ လောကီ လောကုတ္တရာ၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာသော ချမ်းသာသုခကို ရရှိနိုင်စေရန် ရည်ရွယ်၍ ရေးသားထားသည်။
ကြေးမုံ


