လူသားတိုင်းသည် စိတ်၏ခံစားမှုကြောင့် ကိုယ်မှာပင် ရောဂါဝေဒနာ ခံစားနိုင်ကြောင်း ဒေါက်တာမောင်မောင်ညို စီစဉ်ရေးသားသည့် စိတ်ကြောင့်ကိုယ်မှာ ဝေဒနာ စာအုပ်ထွက်ရှိလာသည်။

 

စိတ်နှင့်ကိုယ်ကို ခွဲခြားပြောကြရာတွင် စိတ်တွင်ဖြစ်လျှင် စိတ်ရောဂါ၊ ခန္ဓာကိုယ်တွင်ဖြစ်လျှင် ခန္ဓာရောဂါဟု လူသားတိုင်းသိကြသည်။ လူတစ်ယောက်သည်စိတ်လှုပ်ရှားလာလျှင် ခန္ဓာကိုယ်ကပါ ပြောင်းလဲလာပြီး နှလုံးခုန်မြန်လာခြင်း၊ ပျို့အန်ခြင်း၊ ခြေလက်တုန်လာခြင်း၊ ချွေးထွက်၊ ချွေစို့ခြင်း၊ ပါစပ်ခြောက်လာခြင်း၊ ရင်ဘတ်နာလာခြင်း၊ ခေါင်းကိုက်လာခြင်း၊ အသက်ရှူမြန်လာခြင်း၊ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် မိမိတို့၏စိတ်ကို တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးထားသင့်သည်။

 

ကြေးမုံ