လူမှုဘဝနှင့် နိုင်ငံရေးအကြောင်းကိုသိရှိနိုင်စေရန် ခိုင်နီကျော် စီစဉ်ရေးသားသည့် လူမှုဘဝအထွေထွေ၊ နိုင်ငံရေးအပြောင်းအလဲနှင့် မြန်မာနိုင်ငံ စာအုပ်ထွက်ရှိလာသည်။

 

လူ့ယဉ်ကျေးမှုအပေါ်တိုက်ရိုက်သက်ရောက်အမှီသဟဲပြုနိုင်သော လူမှုရေးဝါဒများ၊ ဒီမိုကရေစီ၏ သဘောသဘာဝများ နိုင်ငံရေး၏ကျယ်ပြန့်ခြင်းသည် လူသားဝါဒတစ်ခုလုံးကို သိမ်းကျုံးချယ်လှယ်နိုင်ခဲ့သည့် အုပ်ချုပ်ရေးစနစ်ဆိုးများသာမက ယင်းနှင့်ဆက်သွယ်လျက်ရှိသော ဆန့်ကျင်ဘက် ဝါဒဆိုးများမှ ထွက်ပေါ်လာခဲ့သော အမွေဆိုးတို့၏ ဆိုးကျိုးများ၊ ကျေးလက်ဒေသ လူမှုဗဟုဝါဒတစ်ခုလုံး၏ သာတူညီမျှ လိုအပ်ချက်အခြေအနေများ၊ လူသားအရင်းအမြစ်၏ အခက်သဖွယ်ဖြစ်သော အလုပ်သမားတို့၏ ဘဝ ရပ်တည်ချက်များနှင့် ဝင်ငွေစီးဆင်းမှု အကျပ်အတည်းများကို ရေးသားထားသည်။

 

ကြေးမုံ