ထီးလင်း ၁၁  ဧပြီ

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကို ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တတိယနှစ် စက်ဝန်းကာလအဖြစ် ဆောင်ရွက်လျက်ရှိရာ အလယ်ဘန်းကျေးရွာ လျှပ်စစ်မီးလင်း ရေးလုပ်ငန်းအတွက် အကျိုးရလဒ်နှင့် လုပ်ငန်းစဉ်အပေါ် လူထုစစ်ဆေးပွဲကို ယမန်နေ့က ကျေးရွာစုရပ်ဆောင်၌ ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တက်ရောက်သည့်ကျေးရွာနေပြည်သူ ၉၇ ဦးတက်ရောက်ပြီး မီးလင်းရေး လုပ်ငန်းစဉ်အတွက် အလွန်ကျေနပ် ၇၉ မဲ၊ ကျေနပ် ၁၇ မဲနှင့် မကျေနပ် ၁ မဲ၊ မီးလင်းရေး လုပ်ငန်း၏ ရလဒ်အတွက် အလွန်ကျေနပ် ၈၄ မဲ၊ ကျေနပ် ၁၃ မဲတို့ဖြင့် အဆုံးအဖြတ်ပေးကြသည်။

 

mdn

 

အဆိုပါလူထုစစ်ဆေးပွဲသည် ထီးလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၉၃ ရွာရှိ လုပ်ငန်းခွဲပေါင်း ၁၁၁ ခု အနက် လူထုဗဟိုပြစီမံကိန်း တတိယနှစ်စက်ဝန်းအတွက် စတုတ္ထအကြိမ်မြောက်ပြုလုပ်သော လူထုစစ်ဆေးပွဲ ဖြစ်သည်။

 

လူထုစစ်ဆေးပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်လင်းဦးက အမှာစကားပြောကြားပြီး လူထုဗဟိုပြုစီမံကိန်း မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားဆက်သွယ်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကျား-မ ရေးရာတာဝန်ခံ ဦးကျော်ဇေယျက စီမံကိန်းအကြောင်း၊ လက်ထောက်နည်းပညာမှူး ဦးဂျက်မောင်မောင်က လူထုစစ်ဆေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဌ ဦးအောင်မြင့်ထွန်း က အကောင်အထည်ဖော်ရေးနှင့် ရလဒ်ကိုလည်းကောင်း၊ စောင့်ကြည့် ကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအား ကော်မတီဝင် ဒေါ်ခင်ဝင်းရီကလည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုကို ဘဏ္ဍာရေးအဖွဲ့မှ စာရင်းကိုင် ဒေါ်ဝင်းစိန်ကလည်းကောင်း၊ ဝယ်ယူရေးအကြောင်းကို ဝယ်ယူအဖွဲ့ ခေါင်းဆောင် ဒေါ်ဝင်းနွဲ့က လည်းကောင်း၊ ဝေဖန်အကြံပြုနှင့် တိုင်ကြားဖြေရှင်းရေး အကြောင်းကို ဝေဖန် အကြံပြုတိုင်ကြားဖြေရှင်းရေးဥက္ကဋ္ဌ ဒေါ်သန္တာလင်းက လည်းကောင်း၊ မဲပေးမည့်ပုံစံကို လူထုစည်းရုံးရေးမှူး ဒေါ်ချိုဝင်းက လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

mdn