ကော့သောင်း ၁၁ ဧပြီ
ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် သင်္ကြန်ကာလအတွင်း တားမြစ်ဆေးနှင့် ကာမစိတ်ကြွဆေးပြားများ ရောင်းချမှုမရှိစေရေး ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများအား မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့်လိုက်လံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု မြို့နယ်မူခင်းရဲတပ်ဖွဲ့တို့မှ ပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျှက်ရှိသည့် အိမ်သုံးဆေးဆိုင်များသို့ ကွင်းဆင်းကာ သင်္ကြန်ကာလ အတွင်း မသမာသူများ၊ ဒုစရိုက်မှုကျူးလွန်သူများ၊ လူငယ်များ အများဆုံးအသုံးပြုလေ့ရှိသည့် တားမြစ်ဆေးများ၊ မူးယစ်ဆေးများ၊ ကာမစိတ်ကြွဆေးပြားများ၊ ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ လိုက်လံစစ်ဆေးပြီး ရောင်းချခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက ကျခံရမည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးပြောကြားခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


