ရန်ကုန် ၁၁ ဧပြီ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်စစ်သည်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီ ၁၁ ရက် နံနက် ၉ နာရီက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးကြည် (ငြိမ်း) က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၏ သားသမီးများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ် စစ်သည်များအား နှစ်စဉ်ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်နိုင်မှုတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ကိုယ်လက်အင်္ဂါစွန့်လွှတ်စစ်သည် ၄၅ ဦးတို့အား မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးကြည်(ငြိမ်း)နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများအား စစ်သည်များထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ကိုယ်လက်အင်္ဂါစွန့်လွှတ်စစ်သည်များအား စုစုပေါင်းငွေကျပ် ၄ သိန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


