နေပြည်တော် ၁၁ ဧပြီ

 

နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ Naypyitaw International Science Academy (NISA) ကျောင်းမှ ကျောင်းကြိုပို့ယာဉ်တစ်စီး ယနေ့နံနက် ၇ နာရီခွဲက ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

1

 

ဥတ္တရသီရိမြို့နယ် NICA ကျောင်းမှ ဇေယျာသီရိမြို့နယ် စစ်ရုံးဘက်သို့ ကျောင်းသား/သူများ ကြိုရန်  ယာဉ်မောင်း ဦးမောင်ဆန်းအသက်(၃၂)နှစ် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးတည်း မောင်းနှင်လာသော 3P/------ HIACE ယာဉ်သည် ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟ လမ်း၊ ဧရာဝတီဘဏ်ရှေ့အရောက်တွင် ဝါယာကြိုးရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် မီးလောင်ရာ နေရာသို့ ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးလှညွှန့်နှင့်တပ်ဖွဲ့ဝင်များ ရောက်ရှိပြီး မီးသတ်ယာဉ်တစ်စီးဖြင့် မီးငြိမ်းသတ်ရာ နံနက်(၈)နာရီတွင် ငြိမ်းသတ်နိုင်ခဲ့ပြီး ကားမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှု မရှိကြောင်း ဥတ္တရသီရိခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN