စာရေးသူ ဒေါက်တာမောင်အောင်စီစဉ်ရေးသားသည့် ဖွံ့ဖြိုးမှုဆောင်းပါး (၃) စာအုပ်ထွက်ရှိလာသည်။
အစိုးရသစ်လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် ပွင့်လင်းလာသည့်စီးပွားရေးအခွင့်အလမ်းများကို လုပ်ငန်းရှင်များနှင့် ပြည်သူများ လိုက်နာပြင်ဆင်နိုင်ရန်အကြံပြုထားသည်။ ပြီးခဲ့သည့်နှစ်နှစ်ကျော်ကာလအတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ရေကြီးမှုများ၊ ကုန်သွယ်ရေး စစ်ပွဲများကြောင့် ဒေါ်လာဈေးမြင့်တက်လာမှုစသည်တို့ကြောင့် မြန်မာ့စီးပွားရေးအခက်အခဲဖြစ်ခဲ့သော်လည်း အခြားတစ်ဖက်တွင် အဆိုပါ ပြောင်းလဲမှုကြောင့်အခွင့်အလမ်းများကိုလည်းဖော်ပြထားသည်။ ထို့အပြင်ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေး YBS အကြောင်းကိုပါ ထည့်သွင်းရေးသားထားသည်။
ကြေးမုံ


