မောင်မောင်သွင်(ပန်းခိုင်) စီစဉ်ရေးသားသည့် မြန်မာတို့၏မင်္ဂလာစကား နှင့် လက်ရွေးစင်ဆောင်းပါးများစာအုပ် ထွက်ရှိလာသည်။

 

မြန်မာမှုနယ်ပယ်တွင် မင်္ဂလာဟူသည် မကောင်းမှုမှန်သမျှကို ဖယ်ရှားသုတ်သင်ခြင်း၊ ကောင်းမှုမှန်သမျှ ပြည့်စုံစွာရရှိခြင်းဟု အဓိပ္ပာယ်ဆောင်သည်။ မင်္ဂလာဟူသောဝေါဟာရသည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် သမိုင်းအစဉ်ခေတ်အဆက်ဆက် တွင်ကျယ်စွာသုံးစွဲလာခဲ့သော်လည်း မျက်မှောက်ခေတ်တွင် ပို၍တွင်ကျယ်လာသည့်အပြင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၏ နှုတ်များ၌ပင် မင်္ဂလာပါဟူသော နှုတ်ဆက်စကားအဖြစ် ရေပန်းစားလာသည်။ ချစ်စရာကောင်းလှသည့် မြန်မာတို့၏ တောဓလေ့၊ ကျေးလက်လူမှုစီးပွားဘဝများနှင့် တောတောင်ရနံ့သင်းပျံ့မှုတို့ကို ခံစားနိုင်စေရန် ရည်ရွယ်၍ ရေးသားထားသည်။

 

ကြေးမုံ