မင်းတပ်  ၁၁ ဧပြီ      

 

Khiri Travel Myanmar Ltd ၏ စီစဉ်မှုဖြင့် နယ်သာလန်နိုင်ငံ 3 OP Reis Dutch Tv Show မှ ရိုက်ကူးရေးအဖွဲ့ဝင် (၄) ဦးသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့သို့ သွားရောက်၍ ဒေသခံအဖွားများ၏ ပါးမဲအကြောင်း၊ လူနေမှုစရိုက်၊ ရိုးရာယဉ်ကျေးမှု အကြောင်း၊ ဟင်းသီးဟင်း ရွက်ဆိုင်နှင့် အထည်ဆိုင်တို့ကို သိရှိလိုသည်များ မေးမြန်းရိုက်ကူးကြကြောင်း သိရသည်။

 

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ဧပြီ ၉ ရက်ညနေပိုင်းတွင် အနောက်ရပ်ကွက်ရှိ ပါးမဲထိုးသည့် အဖွားတစ်ဉီးအား ပါးမဲထိုးရသည့်အကြောင်း မေးမြန်းခြင်းရိုက်ကူးခြင်း၊  ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စံပြရပ်ကွက်ရှိ ဈေးဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်များနှင့် ရိုးရာယဉ်ကျေးမှု အထည်ဆိုင်များသို့ သွားရောက်ရိုက် ကူးမေးမြန်းခြင်း၊ ယင်းနေ့ ညနေပိုင်းတွင် မင်းတပ်မြို့နယ် အတွင်းရှိ လုပ်ပဲ ကျေးရွာသို့ သွားရောက်၍ ဒေသခံ ပြည်သူများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင် ရှုခင်းအလှများနှင့် လမ်းပန်းဆက်သွယ်ရေး အကြောင်းတို့ကို မေးမြန်းရိုက်ကူးကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

 MDN