ဂန့်ဂေါ ၁၂ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဂန့်ဂေါမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုပါ တည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့ အတာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
“အခုနှစ်မှာ အများပြည်သူ ပိုမိုပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်အောင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့က နေ အတက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်၊ နေရာကတော့ မြို့မရပ်ကွက် ဗဟိုမဏ္ဍာပ် ( မြစ်သာတံတား- ဂန့်ဂေါ) ထိပ်ကနေ မြို့မအထက လမ်းအထိ ဗိုလ်ချုပ်လမ်းတစ်လျှောက်ဖြစ်ပါတယ် ” ဟု ဂန့်ဂေါမြို့ အတာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီဝင် ဦးဇော်ဝင်းကို က ပြောသည်။
ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များတို့မှ မုန့်လုံးရေပေါ်၊ သာဂူ၊ မုန့်လက်ဆောင်းတို့ဖြင့် စတုဒီသာ ကျွေးမွေးသွားမည်ဖြစ်ကာ ယိမ်း ၁၅ ယိမ်းဖြင့် အလှည့်ကျဖျော်ဖြေ ယှဉ်ပြိုင် သွားမည်ဖြစ်၍ သင်္ကြန်အတက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ၁၃၈၁ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက် ( ဧပြီ ၁၇ ရက် ) တွင် သက်ကြီးဘိုးဘွား ၆၀ ဦးတို့အား ပူဇော်ပွဲကျင်းပသွားမည်ဇြစ်သည့်အပြင် အန္တရာယ်ကင်းရှင်း စေရေးအတွက် ဂန့်ဂေါမြို့အတွင်း လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပွဲကိုလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
စိန်ကျော်


