နေပြည်တော် ၁၂  ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေး စီမံကိန်းမှအဖွဲ့ဝင်များအား ခေတ်အေးစိုက်ပျိုးစီးပွား အသိပညာပေးစင်တာမှ  KC မန်နေဂျာ ဦးမျိုးမင်းထွေး ဦးဆောင်သော မြို့နယ်အတွင်းရှိ KC များစုပေါင်းကာ အောင်ချမ်းသာ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသို့ ဧပြီလ ၁၁ ရက် နံနက် ၈ နာရီအချိန်တွင် သွားရောက်လေ့လာခဲ့သည်။  

 

သွားရောက်လေ့လာရာတွင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်းမှ စိတ်ဝင်စားမှုတူညီရာ အဖွဲ့ဝင်များအား လုပ်ငန်းအသစ်များ အကောင်အထည်ဖော်နိုင်ရန်နှင့် အဖွဲ့လိုက်လုပ်ငန်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် သွားရောက်လေ့လာခြင်းဖြစ်ကြောင်း KC မန်နေဂျာ ဦးမျိုးမင်းထွေး၏ ပြောပြချက်အရ သိရသည်။

 

ထို့နောက် ခေတ်အေးစိုက်ပျိုးစီးပွား အသိပညာပေးစင်တာတွင် စုပေါင်း၍အဖွဲ့ဝင်များ အချင်းချင်းနှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ရာ အဖွဲ့အသစ်များထပ်မံဖွဲ့စည်းရန်၊ တူညီရာလုပ်ငန်းများစုပေါင်း လုပ်ဆောင်ကြရန်နှင့် မွေးမြူရေးဇုံတစ်ခု ပေါ်ပေါက်လာစေရန် KC မန်နေဂျာတစ်ဦးမှ ဆွေးနွေးပြောကြားပြီး အဖွဲ့ဝင်များကဖွံ့ဖြိုးမှုများတိုးတက်ရန် စုပေါင်းလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးတင်ပြခဲ့သည်။

 

လေ့လာရေးခရီးစဉ်တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ KC မန်နေဂျာများ၊ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေး စီမံကိန်းမှ စိတ်ဝင်စားမှုတူညီရာအဖွဲ့ဝင်များ စုစုပေါင်း ၁၃၀ ဦးခန့်သွားရောက် လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထွန်းလင်း(ပြန်/ဆက်)

 

ge 56627