ကျွန်းလှ ၁၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သစ်ရာမြိုင်ရပ်ကွက်ဈေးအား ကိုယ်အားကိုယ်ကိုး မူလပုံစံမပျက် ဈေးဆိုင်ခန်းများ တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
ယင်းဈေးကို ရပ်ကွက်ဈေးအဖြစ် ၂၀ဝ၀ ခုနှစ်က ဖွင့်လှစ်ခဲ့ကြောင်း၊ နှစ်ပါင်း(၂၀)နီးပါးခန့်ရှိလာပြီး ဆိုင်ခန်းများမှာ ကပ်ဆောင်များဖြစ်၍ ပျက်စီးနေပြီဖြစ်ကြောင်း၊ ဈေးသန့်ရှင်းသာယာလှပရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခြင်းဖြစ်ကြောင်း ဈေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။
အဆိုပါဈေးတွင် တိုက်ခန်းပေါင်း(၂၅၅)ခန်းနှင့် ပျံကျဈေး(၄)ဆောင် တည်ဆောက်လျှက်ရှိပြီး သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးအတွက် မြို့နယ်စည်ပင်သာယာကော်မတီနှင့် တာဝန်ရှိသူတို့ ကြီးကြပ်ဆောင်ရွက်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


