ခင်ဦး ၁၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားများအား တိုးမြှင့်ပင်စင်များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလက စတင်ထုတ်ပေးလျှက်ရှိရာ ဧပြီလထိ တိုးမြှင့်ပင်စင်လစာ (၆၉၃) ဦးထုတ်ပေးပြီးကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ခင်ဦးမြို့နယ်တွင် အငြိမ်းစားပင်စင်ဦးရေ စုစုပေါင်း (၉၆၉) ဦးရှိရာ တိုးမြှင့်ပင်စင်ထုတ်ယူ ခွင့်ပြုမိန့်ရရှိပြီး ဦးရေ (၈၅၃) ဦး၊ တိုးမြှင့်ပင်စင်ထုတ်ပြီးဦးရေ (၆၉၃) ဦးထုတ်ပေးပြီးကြောင်း တိုးမြှင့်ပင်စင်လစာထုတ်ပေးရန် ခွင့်ပြုမိန့် မရရှိသေးသော အငြိမ်းစားများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တိုးမြှင့်ပင်စင် ခွင့်ပြုမိန့်ရရှိရန် ပင်စင်ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာ့ စီးပွားရေးဘဏ်၊ မြို့နယ် မန်နေဂျာ ဒေါ်ခင်ခင်စန်း ၏ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


