နေပြည်တော်  ၁၂   ဧပြီ

 

Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary International Symposium ခေါင်းစဉ်ဖြင့် နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲကို နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ စက်တင်ဘာ  ၁၆ မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည်မှ သိရသည်။

 

အဆိုပါ သုတေသနစာတမ်းဖတ်ပွဲတွင် အယူအဆသစ်များ၊ အတွေးအမြင်သစ် များပေါ် ထွက်လာစေခြင်းဖြင့် အနာဂတ်မြန်မာလူမှု အဖွဲ့အစည်းအကျိုးကို အထောက်အကူပြုနိုင်စေရန် အတွက် Old View ကိုလည်းမပယ်ဘဲ အသိသစ်၊ အမြင်သစ်များ (New Version) ဖော်ထုတ်၍ အယူအဆသစ်များ၊ အတွေးအမြင်သစ်များပေါ်ထွက် လာရေးအတွက် အထောက်အကူဖြစ်စေရန်၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ်လာရေးတွင် ပိုမိုကောင်းမွန် ဆန်းသစ်သော အသိသစ်၊ အမြင်သစ်များ ဖြည့်စွက်နိုင်စေရန်နှင့် နိုင်ငံတကာအသိပညာရှင်၊ အတတ်ပညာရှင်များ၏ အတွေ့ အကြုံ၊ အသိအမြင်၊ ဗဟုသုတများ ဖလှယ်ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသော ပညာရပ် နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ် သည်။

 

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနများနှင့် ပြည်တွင်း /ပြည်ပမှ စာတမ်းရှင်များအနေဖြင့် စာတမ်းများပေးပို့နိုင်ပြီး စာတမ်းဖတ်ကြားလိုသူ သုတေသီများ အနေဖြင့် စာတမ်းအကျဉ်းကို မေလ (၃၁) ရက်နောက်ဆုံးထား၍  စာတမ်း အပြည့်အစုံများကို Hard Copy / Soft Copy ဖြင့် သြဂုတ်(၁၂) ရက်နောက်ဆုံးထား၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

 

သုတေသီများအနေဖြင့် ဆက်သွယ်ရမည့်လိပ်စာမှာ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရုံးအမှတ်(၃၅)၊ ဖုန်း ဝ၆၇- ၃၄၀၈၃၈၄ ၊ ဝ၆၇-၃၄၁၈၄၂၃၊ မြန်မာသမိုင်းအဖွဲ့၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း (ရန်ကုန်)၊ ဖုန်း ဝ၁-၆၅၈၁၅၂ များသို့ ဆက်သွယ်ပေးပို့ရမည်ဖြစ် သည်။

 

ပေးပို့လာသည့် စာတမ်းများကို စိစစ်ရွေးချယ်၍ Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary International Symposium ခေါင်းစဉ်ဖြင့် စာတမ်းစောင်ရေ (၁၄) စောင်ကို (၁)ရက်လျှင် စာတမ်း(၇)စောင်နှုန်းဖြင့် (၂)ရက်တိတိ ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မွှေးကြူဇင်