နေပြည်တော်  ၁၂  ဧပြီ

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ရှိမွန်ဧကရီ ဘုရင်မကြီး ရှင်စောပု ထပ်မံပြုပြင် တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်မရော ဘုရားကြီး၏ ပြသာဒ်ဘုံ အထွဋ်ရှိ ဘုံ ၃ ဆင့် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော် တင်လှုခြင်း အခမ်းအနားကို ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင်လည်း မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ရွှေဇင်း ကျိုက်ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နား တော်ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါ စေတီတော်မြတ်ကြီး ထီးတော်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဍကျော်ထင် ဒေါက်တာခင်ရွှေနှင့်ဇနီး သီရိသုဓမ္မသိ င်္ဂီ ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာမိသားစု )မှ ပဓာန ဒါယက ပြုလုပ်ကာ ကျိုက်ထီးဆောင်း ငါးသုံးလီ မိသားစုနှင့် ခုနှစ်ရက် သားသမီးများ၏ အလှူဒါန၊ လုပ်အားဒါနများဖြင့် လှူဒါန်း ပူဇော်ခြင်းဖြစ်သည်။ ကျိုက်မရောဘုရားကြီးနှင့် ရွှေဇင်းကျိုက်စေတီတာ် ထီးတော်တင်လှုပွဲတွင် နိုင်ငံကျော် အနုပညာရှင်များမှ အကအလှ၊ အငြိမ့်ပဒေသာကပွဲများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

 

(မင်းမင်း)