ကျောက်ထု ၁၂ ဧပြီ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့၏ လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ချိုချင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ချိုချင်းစာပေသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျောက်ထုမြို့ မြို့မရပ်ကွက် မူလတန်းကြိုကျောင်း၌ ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ချိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးထန်းငိုင်းအွန်က အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးထန်းတမ်က ချိုစားပေထုတ်ဝေရေးနှင့် သင်ကြားရေးဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာပေသင်ကြားရေး ဆရာ၊ ဆရာမ ၆ ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


