ဧပြီ ၁၂

 

Channel K Grand Launch ဖွင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ရှိမြကျွန်းသာဥယျာဉ်၌ ကျင်းပသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ရှေးဦးစွာ        ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး       ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊        ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ    ဦးလင်းနိုင်မြင့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေး၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ KMA Group Of Companies ဥက္ကဋ္ဌ  ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများက    Channel K  ဖွင့်ပွဲအခမ်းအနားကို   ဖဲကြိုးဖြတ်၍      ဖွင့်လှစ်ပေးကြသည်။

ထို့နောကူ် Channel K Grand Launch ဖွင့်ပွဲအစီအစဉ်အဖြစ်  အရိပ်များ ဖြင့်   သရုပ်ဖော်တင်ဆက်မှု  အစီအစဉ်နှင့်ရှုမောသာယာ  မြကျွန်းသာ Vedio Clip   တို့ကို တင်ဆက်ပြသသည်။

ဝမ်းမြောက်ဝမ်းသာဖြစ်

ယင်းနောက်    ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Channel  K  ရုပ်သံလိုင်းဖွင့်ပွဲနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်  ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်    အစိုးရမီဒီယာလုပ်ငန်းများ လုပ်ကိုင်သကဲ့သို့     ပုဂ္ဂလိက မီဒီယာများ ဖွံ့ဖြိုးရှင်သန်ရေးကိုလည်း      လုပ်ကိုင်ရပါ ကြောင်း၊  ပုဂ္ဂလိက  မီဒီယာဆိုရာ တွင် ပုံနှိပ်မီဒီယာများနှင့်   ရုပ်သံမီဒီယာများ    ပါဝင်ပါကြောင်း၊        ရုပ်သံပိုင်းမှာ    ယခင်အစိုးရ လက်ထက်က      ရွှေသံလွင်နှင့်  Forever  ကုမ္ပဏီများက    လုပ်ကိုင်ခွင့်ရခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်  နောက်ထပ်လုပ်ကိုင်ချင်သူများ လုပ်ကိုင်ခွင့်ရအောင် စီစဉ်ခဲ့ပါကြောင်း၊ ယင်းမှာ  မြန်မာ့ရုပ်မြင်သံကြားနှင့် Multi- Channel Play out System  DVB T-2 စနစ်ဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံလိုင်း များထဲတွင် ပုဂ္ဂလိကများအတွက် ရုပ်သံလိုင်း အသစ်ငါးခု    နေရာချထားပေးခြင်း      ဖြစ်ပါ ကြောင်း၊  နေရာမှာ  ငါးဦးအတွက်သာရှိပြီး ရုပ်သံလုပ်ငန်း လုပ်ကိုင်လိုသူအရေအတွက် အများအပြားရှိနေသည့်အတွက် စနစ်တကျ ရွေးချယ်နိုင်ရန် ရွေးချယ်ရေးကုမ္ပဏီတစ်ခုကိုအပ်နှံပြီး  လုပ်ငန်းအဆင့်ဆင့်ဖြင့်  ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊  လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက်   ကနဦးတင်ပြသူ  ၄၂  ဦး ရှိသည့်အနက်    ငါးဦးကို   ရွေးချယ်ခဲ့ရပြီး အသီးသီးက  ရုပ်သံများ  ထုတ်လွှင့်နေပြီဖြစ်ပါကြောင်း၊    Channel  K  မှာ  ပြီးခဲ့သည်နိုဝင်ဘာလတွင်      စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ကြောင်း  သိရပြီး    ယနေ့တွင် ရုပ်သံလိုင်း ဖွင့်လှစ်သည့်အစီအစဉ်ကို   တခမ်းတနား ကျင်းပခြင်းဖြစ်ပါကြောင်း၊      ယင်းအတွက် Channel  K    ဦးဆောင်ပုဂ္ဂိုလ်များနှင့်အဖွဲ့သားများနှင့်အတူ        မိမိအနေဖြင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း။

ရွေးချယ်စရာ ပိုမိုများပြား

ရုပ်သံလိုင်းများ     ပေါ်ပေါက်လာခြင်း ကြောင့် ရုပ်သံလုပ်ငန်းလောကတွင် ပြိုင်ဆိုင်မှုများ  ရှိလာမည်ဖြစ်ပါကြောင်း၊  ပြိုင်ဆိုင်မှုရှိလာသည့်အခါ          စီးပွားရေးလောက၏ သဘာဝအရ    အောင်မြင်သူ၊    ရှုံးနိမ့်သူများ ရှိလာလိမ့်မည်ဖြစ်ပါကြောင်း၊     သို့သော်တစ်ဖက်တွင် သူ့ထက်ငါ  ပိုကောင်းအောင်ယှဉ်ပြိုင်ရင်း    ရုပ်သံအစီအစဉ် ထုတ်လုပ်မှုများ တိုးတက်ကောင်းမွန်လာပြီး ပရိသတ်အတွက်  ရွေးချယ်စရာ  ပိုမိုများပြားလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက်      ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးဖြိုးမင်းသိန်းနှင့် KMA Group Of Companies ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က  ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။

ဖျော်ဖြေတင်ဆက်

ယင်းနောက် Channel  K Theme Song အား Brand Ambassador  များက ထူးခြားသော တင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊  မြို့ရွှေမန်းသားလေး  ဖိုးချစ်နှင့်အဖွဲ့၏ သင်္ကြန်ကျပြီ အစီအစဉ် ဖျော်ဖြေ တင်ဆက်ခြင်း၊    ရုပ်ရှင်ခေတ်ပြောင်းကာလ အား ဂီတကဗျာအဖွဲ့နှင့်အတူ အနုပညာရှငျာ်းက  တင်ဆက်ခြင်း၊  ဦးမျိုးမင်းနှင့်အဖွဲ့၏ သင်္ကြန်ကျပြီ သံချပ်  အစီအစဉ်၊  အနုပညာ ရှင်များဖြစ်ကြသည့် နီနီခင်ဇော်၊ စိုးပြည့်သဇင်၊ ဖြူဖြူကျော်သိန်း၊        စိုင်းစိုင်းခမ်းလှိုင်တို့က တေးသီချင်းများဖြင့်  ဖျော်ဖြေတင်ဆက်ကြ ပြီး ရုပ်ရှင်သရုပ်ဆောင် တေးသံရှင် ရန်အောင်က  ရွှေပြည်သင်္ကြန်ဖြင့်  ဖျော်ဖြေတင်ဆက်သည်။

နေ့  ကျင်းပသည့် Channel K Grand Launch ဖွင့်ပွဲအခမ်းအနားသို့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊    ရုပ်ရှင်၊    ဂီတ၊    သဘင်အနုပညာရှင်များ၊        ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့်  သတင်းမီဒီယာများ တက်ရောက်ကြသည်။

သတင်းစဉ်